တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၅၀ ရှိ

၉ ဇူလိုင်

 

 

တောင်ကိုရီးယား နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ဦးရေ ၅၀ တွေ့ရှိရပြီး ကူးစက်ခံရမှုပေါင်း ၁၃၂၉၃ ဦး အထိ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။

 

 

ပြည်ပပြန်များနှင့် အစုလိုက် ကူးစက်မှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ၄၀ နှင့် ၇၀ အကြား နေ့စဉ်ကူးစက်မှုများ ဖြစ်ပွားခဲ့သည်။

 

 

ထပ်မံကူးစက်ခံရသူများအနက် ၂၂ ဦးမှာ ပြည်ပပြန်များဖြစ်ပြီး စုစုပေါင်း ၁၇၆၈ ဦး အထိ မြင့်တက်လာခဲ့သည်။

 

 

ဘုရားကျောင်းများမှ ဘာသာရေးဆိုင်ရာ လူစုဝေးပွဲများနှင့် ဆက်စပ်ပြီး အစုလိုက် ကူးစက်မှုများ တွေ့ရှိရဆဲဖြစ်သည်။

 

 

ကူးစက်ခံရမှုကြောင့် နှစ်ဦး ထပ်မံသေဆုံးကြောင်း အတည်ပြုခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၈၇ ဦး ရှိလာသည်။ သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၁၆ ရာခိုင်နှုန်း ရှိသည်။

 

 

ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် သီးသန့် ကန့်သတ်ထားရာ နေရာမှ ထပ်မံ ထွက်ခွာခွင့်ရရှိသူ ၄၉ ဦး ရှိပြီး ကျန်းမာရေ ကောင်းမွန်လာသူ အရေအတွက် ၁၂၀၁၉ ဦး ရှိသည်။ ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း ၉၀ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ နိုင်ငံအတွင်း လူဦးရေ ၁ ဒသမ ၃၇ သန်းကျော်ကို စမ်းသပ်စစ်ဆေးခဲ့ပြီး ၂၃၉၁၂ ဦး ကို စမ်းသပ်စစ်ဆေးနေဆဲဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို