တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၄၄ ဦးရှိ

၇ ဇူလိုင်

 

 

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၄၄ ဦး ရှိလာပြီး ကူးစက်ခံရသူပေါင်း ၁၃၁၈၁ ဦး အထိ မြင့်တက်လာသည်။

 

 

ပြည်ပပြန်များနှင့် အစုအပြုံလိုက် ကူးစက်မှုများ ဆက်လက်ဖြစ်ပွားမှု များနှင့်အတူ သုံးရက်ဆက်တိုက် ကူးစက်ခံရသူဦးရေ ၆၀ ကျော် ရှိခဲ့ပြီးနောက် နေ့စဉ်ကူးစက်ခံရသူ ဦးရေမှာ နှစ်ရက်ဆက်တိုက် ၅၀ အောက်တွင် ရောက်ရှိခဲ့သည်။

 

 

အဆိုပါ ထပ်မံကူးစက် ခံရသူများအနက် ၂၄ ဦးမှာ ပြည်ပပြန်များဖြစ်ပြီး ကိန်းဂဏန်းအားဖြင့် ၁၇၁၄ ဦး  ထိ မြင့်တက်လာခဲ့သည်။ ကူးစက်ခံရမှုမှာ ၁၂ ရက်ဆက်တိုက် နှစ်ဆမြင့်တက်လာခဲ့သည်။

 

 

အစုအပြုံလိုက် ကူးစက်ခံရမှုများသည် ဘုရားကျောင်းများမှ ဘာသာရေးဆိုင်ရာ စုဝေးပွဲများနှင့် ဆက်စပ်သည့် ကူးစက်ခံရမှုများ တွေ့ရှိနေရဆဲဖြစ်သည်။

 

 

တစ်ဦးထပ်မံ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီးနောက် သေဆုံးသူ ၂၈၅ ဦး အထိ ရှိလာသည်။ စုစုပေါင်း သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၁၆ ရာခိုင်နှုန်း ရှိသည်။

 

 

ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် သီးသန့် ခွဲခြားထားသည့် နေရာမှ ထပ်မံထွက်ခွာခွင့် ရရှိသူ ၆၆ ဦး ရှိပြီး ကျန်းမာရေး ကောင်းမွန်လာသူပေါင်း ၁၁၉၁၄ ဦး ရှိလာသည်။ ပြန်လည် ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း ၉၀ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့ မှစတင်ကာ လူဦးရေ ၁ ဒသမ ၃၄ သန်းကျော်ကို  စမ်းသပ်စစ်ဆေးခဲ့ကြောင်းနှင့် ၂၃၆၇၅ ဦး ကို စမ်းသပ်စစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို