တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၉ ဦး ထပ်မံတွေ့ရှိ

၇ စက်တင်ဘာ

 

 

တောင်ကိုရီးယား နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၉ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

 

နိုင်ငံအတွင်း ထိုရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၁၂၉၆ ဦး အထိ မြင့်တက်လာသည်။

 

 

ဩဂုတ်လ ၁၄ ရက်နောက်ပိုင်း ရောဂါကူးစက်မှုများသည် ကိန်းဂဏန်း သုံးလုံးထိ ဆက်လက် ဖြစ်ပွားနေသော်လည်း နေ့စဉ်ကူးစက် ခံရသူဦးရေမှာ ငါးရက်ဆက်တိုက် ၂၀၀ အောက် ရှိနေခဲ့သည်။

 

 

ဩဂုတ်လ ၁၅ ရက်နေ့က ဆိုးလ်မြို့တော် အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲနှင့် ခရစ်ယာန် ဘုရားကျောင်းများနှင့် ဆက်စပ်ကာ ဆိုးလ်မြို့တော်နှင့် ၎င်းအနီးရှိ ဂျောင်ဂီပြည်နယ်တို့တွင် အုပ်စုလိုက် ကူးစက်မှုများ ဖြစ်ပွားခဲ့သည်။

 

 

ထပ်မံကူးစက် ခံရသူများအနက် လူ ၄၇ ဦးမှာ ဆိုးလ်မြို့တော်တွင် နေထိုင်သူများဖြစ်ပြီး လူ ၃၀ မှာ ဂျောင်ဂီပြည်နယ်တွင် နေထိုင်သူများ ဖြစ်သည်။

 

 

၁၁ ဦး မှာ ပြည်ပမှ ပြန်ရောက်လာသူများ ဖြစ်ပြီး စုစုပေါင်းဦးရေ ၂၉၀၃ ဦး အထိ မြင့်တက်လာသည်။

 

 

ရောဂါကူးစက် ခံရမှုကြောင့် နှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၃၃၆ ရှိလာသည်။ စုစုပေါင်း သေဆုံးမှုနှုန်း ၁ ဒသမ ၅၈ ရာခိုင်နှုန်း ရှိသည်။

 

 

ရောဂါကူးစက်ခံရပြီး ထပ်မံကျန်းမာရေး ကောင်းမွန်လာသူ ၁၅၁ ဦးရှိပြီး သီးသန့်ထားရှိရာ နေရာမှ ထွက်ခွာသွားခဲ့သည်။ ကျန်းမာရေး ကောင်းမွန်လာသူ စုစုပေါင်း ၁၆၂၉၇ ဦး ရှိသည်။ ကျန်းမာရေး ကောင်းမွန်လာမှုနှုန်းမှာ  ၇၆ ဒသမ ၅၃ ရာခိုင်နှုန်း ရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့ကတည်းက နိုင်ငံအတွင်း လူဦးရေ ၂ ဒသမ ၀၅ သန်းကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၄၇၁၀၉ ဦးကို စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို