တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၈ ဦး ထပ်မံတွေ့ရှိ

၂၉ ဇူလိုင်

 

 

တောင်ကိုရီးယား နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၄၈ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၄၂၅၁ ဦး အထိ မြင့်တက်လာသည်။

 

 

ထပ်မံကူးစက်ခံရသူများအနက် ၃၄ ဦး မှာ ပြည်ပမှပြန်လာသူများဖြစ်ပြီး ၂၃၆၃ ဦး အထိရှိလာသည်။

 

ထပ်မံသေဆုံးသူ မရှိကြောင်း အတည်ပြုထားပြီး သေဆုံးသူဦးရေ ၃၀ဝ အထိ ရှိသည်။ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း ၂ ဒသမ ၁၁ ရာခိုင်နှုန်း ရှိသည်။

 

 

ကူးစက်ခံရပြီး ထပ်မံကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၆၂ ဦး ရှိပြီး သီးခြားကန့်သတ်ထားသည့် နေရာမှ ထွက်ခွာခွင့်ရရှိခဲ့သည်။ ကျန်းမာရေး ကောင်းမွန်လာသူ စုစုပေါင်း ၁၃၀၆၉ ဦး ရှိသည်။

 

 

ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း ၉၁ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့မှ စတင်ကာ နိုင်ငံအတွင်းရှိ လူဦးရေ ၁ ဒသမ ၅၄ သန်းကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၁၉၃၂၆ ဦးကို စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို