တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၁ ဦး ထပ်မံတွေ့ရှိ

၂၄ ဇူလိုင်

 

 

တောင်ကိုရီးယား နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၄၁ ဦးကို တွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၁၃၉၇၉ ဦး အထိ မြင့်တက်လာသည်ဟု ဇူလိုင် ၂၄ ရက်က ဖော်ပြထားသည်။

 

 

ထပ်မံကူးစက် ခံရသူများအနက် ၁၃ ဦးမှာ ပြည်ပမှ ပြန်လာသူများဖြစ်ပြီး ကူးစက်ခံရသူ ၂၁၅၄ ဦး ရှိလာသည်။

 

 

ကူးစက်ခံရမှုကြောင့် တစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၂၉၈ ဦးအထိ ရှိသည်။ ကူးစက်သေဆုံးမှုနှုန်း ၂ ဒသမ ၁၃ ရာခိုင်နှုန်း ရှိသည်။

 

 

ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် သီးခြားကန့်သတ်ထားသည့် နေရာမှ ထပ်မံထွက်ခွာခွင့်ရရှိသူ  ၅၉ ဦး ရှိပြီး ကျန်းမာရေး ကောင်းမွန်သူပေါင်း ၁၂၈၁၇ ဦး ရှိသည်။ ကျန်းမာရေး ကောင်းမွန်လာမှုနှုန်းမှာ ၉၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့မှ စတင်ကာ လူဦးရေ ၁ ဒသမ ၅၁ သန်းကျော် ကို စမ်းသပ်စစ်ဆေးခဲ့ပြီး ၂၀၅၅၉ ဦးကို စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို