တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၃ ဦး ထပ်မံတွေ့ရှိ

၁၄ ဇူလိုင်

 

 

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၃ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူပေါင်း ၁၃၅၁၂ ဦး အထိ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။

 

 

နေ့စဉ် ကူးစက်ခံရသူ အရေအတွက်မှာ သုံးရက်အတွင်း ၄၀ အောက် ရောက်ရှိခဲ့သော်လည်း ပြည်ပပြန်များနှင့် အစုအပြုံလိုက် ကူးစက်မှုများကြောင့် ကိန်းဂဏန်း နှစ်ဆ မြင့်တက်လာသည်။

 

 

ထပ်မံကူးစက်ခံရသူများအနက် ၁၉ ဦး မှာ ပြည်ပပြန်များဖြစ်ပြီး ၁၈၉၁ ဦးထိ ရှိလာသည်။ ကူးစက်ခံရမှုများ ဆက်လက်မြင့်တက်လာရာ ၁၉ ရက်ဆက်တိုက် ကိန်းဂဏန်း နှစ်ဆ ဖြစ်လာသည်။

 

 

တစ်အိမ်ဝင် တစ်အိမ်ထွက် ရောင်းချသော စီးပွားရေး လုပ်ငန်းများနှင့် ဘာသာရေးဆိုင်ရာ စုဝေးပွဲများနှင့် ဆက်စပ်ပြီး အစုအပြုံလိုက် ကူးစက်မှုများကို တွေ့ရှိရသည်။

 

 

ထပ်မံသေဆုံးသူ မရှိကြောင်း အတည်ပြု ထုတ်ပြန်ထားပြီး သေဆုံးသူ ၂၈၉ အထိ ရှိသည်။ ကူးစက်မှုကြောင့် သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၁၄ ရာခိုင်နှုန်းရှိသည်။

 

 

ကူးစက်ခံရမှုမှ ထပ်မံ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၇၈ ဦး ရှိပြီး ကျန်းမာရေး ကောင်းမွန်လာသူပေါင်း ၁၂၂၈၂ ဦး ရှိလာသည်။ ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း ၉၀ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။

 

 

တောင်ကိုရီးယား နိုင်ငံတွင် ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ လူဦးရေ ၁ ဒသမ ၄၂ သန်းကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၂၄၂၈၉ ဦး ကို စမ်းသပ်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

2429