တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၅ ဦး ထပ်မံတွေ့ရှိ

၂၇ ဇူလိုင်

 

 

တောင်ကိုရီးယား နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၅ ဦး တွေ့ရှိခဲ့ရပြီး ကူးစက်ခံရသူပေါင်း ၁၄၁၇၅ ဦး အထိ မြင့်တက်လာသည်။

 

 

ထပ်မံကူးစက်ခံရသူများအနက် ၁၆ ဦးမှာ ပြည်ပမှ ပြန်လာသူများဖြစ်ပြီး စုစုပေါင်း ၂၃၀၆ ဦး အထိ ရှိလာသည်။

 

 

တစ်ဦးထပ်မံသေဆုံးခဲ့သည်ကို အတည်ပြုခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၉၉ ဦး ရှိသည်။ စုစုပေါင်း သေဆုံးမှုနှုန်း ၂ ဒသမ ၁၁ ရာခိုင်နှုန်းရှိသည်။

 

 

ကူးစက်ခံရမှုမှ ထပ်မံ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၁၅ ဦးမှာ သီးခြားကန့်သတ်ထားရာ နေရာမှ ထွက်ခွာခွင့်ရရှိခဲ့သည်။ ကျန်းမာရေး ကောင်းမွန်လာသူ စုစုပေါင်း ၁၂၉၀၅ ဦး ရှိသည်။ ပြန်လည်ကျန်းမာလာမှုနှုန်း ၉၁ ရာခိုင်နှုန်းရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့မှ စတင်ကာ နိုင်ငံအတွင်း လူဦးရေ ၁ ဒသမ ၅၂ သန်းကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၁၈၇၇၀ ဦး ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်နေဆဲ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို