တောင်ကိုရီးယားနိုင်ငံသို့  လာရောက်လည်ပတ်သည့် ဂျပန်ခရီးသွားအရေအတွက် ဩဂုတ်လအတွင်း မြင့်တက်မှုရှိ

စက်တင်ဘာ ၃၀

 

တောင်ကိုရီးယားနိုင်ငံတွင် ဩဂုတ်လအတွင်း လာရောက်လည်ပတ်သည့် ဂျပန်ခရီးသွားအရေအတွက်သည် ဗီဇာကင်းလွတ်ခွင့်ပြန်လည်စတင်ပြီးနောက်တွင် ပိုမိုမြင့်တက်လာသည်ဟု သိရသည်။

 

ထိုလအတွင်း ဂျပန်ခရီးသွားဧည့် ၂၆၄၈၂ ဦးရောက်ရှိခဲ့ကြောင်း ကိုရီးယားခရီးသွားအဖွဲ့က ပြောကြားသည်။ 

 

အဆိုပါခရီးသွားအရေအတွက်သည် ပြီးခဲ့သည့်နှစ်အစောပိုင်းကထက် ၁၁ ဒသမ ၇ ဆ ရှိသည်ဟု သိရသည်။

 

ဂျပန်ခရီးသွားဧည့်များအတွက် ဗီဇာကင်းလွတ်ခွင့်အစီအစဉ်များကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်မှုကြောင့် ၂၀၂၀ ခုနှစ်က ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားတာဝန်ရှိသူများက ဆိုသည်။

 

ခရီးသွားများအနေဖြင့် အောက်တိုဘာ ၁ ရက်မှစတင်ကာ ပထမဆုံးရောက်ရှိသည့်နေ့တွင် ပီစီအာစစ်ဆေးမှုပြုလုပ်ရန် မလိုအပ်တော့ကြောင်း ဖော်ပြထားသည်။

 

ဂျပန်အစိုးရက အလားတူလုပ်ဆောင်ချက်များလုပ်ဆောင်ရန် စီစဉ်နေသည်ဟု သိရသည်။ ဂျပန်နိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်မှစတင်တာ တစ်ဦးချင်းခရီးသွားမှုကိုပယ်ဖျက်ပြီး ရက်တိုခရီးသွားလာမှုအတွက် ဗီဇာလိုအပ်ချက်ကို ပယ်ဖျက်မည်ဖြစ်ကြောင်း အစိုးရကပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို