တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၇၃၉ ဦး ထပ်မံတွေ့ရှိ

ဆိုးလ် အောက်တိုဘာ ၅

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄၇၃၉ ဦးထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၄၈၈၂၈၉၄ ဦးရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့တွင် ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၆၉ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ကျန်ရှိသူများသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၁၆ ဦးထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၈၅၄၄ ဦး ရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း၏ သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်