တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၁၇၉၂ ဦး ထပ်မံတွေ့ရှိ

 

ဩဂုတ် ၁၀

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၁၇၉၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၀၈၄၅၉၇၃ ဦး ရှိလာကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

နိုင်ငံအတွင်း အိုမီခရွန် မျိုးကွဲကူးစက်မှု ဆက်လက်မြင့်မားလာသဖြင့် ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၄၉၈၉၇ ဦးထက် ကူးစက်မှု ပိုမိုမြင့်တက်လာသည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

ပြီးခဲ့သည့်သီတင်းပတ်က ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှု ၁၁၃၄၀၀ ရှိခဲ့သည်။ အဆိုပါရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၆၁၅ ဦးသည် ပြည်ပကူးစက်မှု ဖြစ်ပြီး ယနေ့အထိ ပြည်ပကူးစက်မှုပေါင်း ၄၉၅၉၄ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၅၀ အထက်ရှိခဲ့ပြီး သေဆုံးသူပေါင်း ၂၅၃၈၂ ဦး အထိရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို