‌တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူ ၄၀ ကျော်ထပ်မံသေဆုံး

နိုဝင်ဘာ ၁၁

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူ ၄၀ ကျော်သေဆုံးခဲ့သဖြင့် နိုင်ငံအတွင်း သေဆုံးသူပေါင်း ၂၉၅၇၁ ဦးရှိလာကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၄၅၁၉ ဦးထပ်မံတွေ့ရှိပြီးနောက်ထိုရောဂါကူးစက်ခံရသူပေါင်း ၂၆၀၉၁၅၃၉ ဦး ရှိလာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

လွန်ခဲ့သောရက်က ထိုရောဂါကူးစက်ခံရသူ ၅၅၃၆၅ ဦးရှိရာမှ ကူးစက်မှုအရေအတွက် လျော့နည်းလာကြောင်း ဖော်ပြထားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၄၉ ဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ကျန်ရှိနေသူများသည် ပြည်တွင်းကူးစက်မှုဖြစ်သည်။

နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူများအနက် ကျန်းမာရေးအခြေအနေစိုးရိမ်ရသူ ၃၄၅ ဦးရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို