တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်ဖြစ်ပွားမှု စံချိန်တင်မြင့်တက်

ဖေဖော်ဝါရီ ၁

 

တောင်ကိုရီးယားနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားလျက်ရှိရာ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၁၈၃၄၃ ဦးရှိသဖြင့် ကူးစက်ဖြစ်ပွားမှုစံချိန်တင်မြင့်တက်ခဲ့သည်ဟု ကိုရီးယားရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအေဂျင်စီက ဆိုသည်။

 

ခုနစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၀၀၀ အထက်ရှိရာ နေ့စဉ်ရောဂါကူးစက်ဖြစ်ပွားမှုသည် ပြီးခဲ့သည့်နေ့က ကူးစက်ခံရသူ ၁၇၀၇၉ ဦး အထက်ရှိသည်။

 

ထပ်မံရောဂါကူးစက်ခံရသူများအနက် ၄၁၀၃ ဦးသည် ဆိုးလ်မြို့တွင် နေထိုင်သူများဖြစ်ပြီး ဂျောင်ဂီပြည်နယ်တွင် ၅၅၀၉ ဦးနှင့် အင်ချွန်ပြည်နယ်တွင် ၁၃၆၆ ဦးတို့ဖြစ်ကြသည်။

 

မြို့တော်မဟုတ်သည့်ဒေသများတွင် ရောဂါကူးစက်ဖြစ်ပွားသူ ၇၁၄၅ ဦး ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၂၂၀ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ 

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၇ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၆၇၇၂ ဦး အထိရှိလာသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူ ၄၄၆၄၁၁၄၂ ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးသူ ၄၃၉၉၆၂၄၁ ဦးရှိသည်။

 

ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၂၇၂၅၄၂၅၆ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို