တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၂၅၃ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၄

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၂၅၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၈၃၉၅၈၆၄ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၀၅၉ ဦးရှိရာမှ ကူးစက်သူအရေအတွက် လျော့ကျလာခြင်း ဖြစ်သော်လည်း သီတင်းပတ်အစောပိုင်းက ရောဂါကူးစက်ဖြစ်ပွားသူ ၃၄၂၃ ဦးထက် ပိုမိုမြင့်မားခဲ့ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။

 

လွန်ခဲ့သောသီတင်းပတ်က ကိုဗစ်ရောဂါပျမ်းမျှကူးစက်ခံရသူအရေအတွက်မှာ ၉၄၉၉ ဦး ဖြစ်သည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၆၄ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ယနေ့အထိ ပြည်ပကူးစက်မှုပေါင်း ၃၅၉၂၆ ဦးရှိလာသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးကြောင်း အတည်ပြုထားပြီး သေဆုံးသူပေါင်း ၂၄၅၇၄ ဦးအထိ ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းမှာ ကိုဗစ်ရောဂါကူးစက်ခံရသူများ၏ ၀ ဒသမ ၁၃ ရာခိုင်နှုန်းရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို