တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၅၂၉၂ ဦး ထပ်မံတွေ့ရှိ

ဩဂုတ် ၈

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၅၂၉၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၀၅၄၄၄၂၀ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၁၀၅၅၀၇ ဦးရှိရာမှ ကူးစက်မှုအရေအတွက် လျော့ကျလာခြင်းဖြစ်သော်လည်း သီတင်းပတ်အစောပိုင်းက ကူးစက်သူဦးရေ ၄၄၆၅၄ ထက် ကူးစက်မှုပိုမိုမြင့်မား လာခဲ့သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။

 

လွန်ခဲ့သောသီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှု ၁၀၃၄၁၁ ရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၄၈၂ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ယနေ့အထိ ပြည်ပကူးစက်မှုပေါင်း ၄၈၄၀၈ ဦး အထိ မြင့်တက်လာသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၉ ဦး သေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၅၂၉၂ ဦး အထိ ရှိလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို