တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃၂၄၈ ဦး ထပ်မံတွေ့ရှိ

 

ဆိုးလ် အောက်တိုဘာ ၁၈

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၂၄၈ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၅၁၆၄၆၉၅ ဦးရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၈၇ ဦးသည်ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် ကျန်ရှိသူများသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ခြောက်ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၈၈၅၆ ဦး ရှိလာကြောင်း တောင်ကိုရီးယားကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူစုစုပေါင်း၏ သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်