တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၅၈၄ ဦး ထပ်မံတွေ့ရှိ

မေ ၂၇

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၅၈၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၈၀၅၃၂၈၇ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၈၈၁၆ ဦးရှိရာမှ ကူးစက်မှုအရေအတွက် လျော့ကျလာသည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ( ကေဒီစီအေ )၏ ပြောကြားချက်အရ သိရသည်။

 

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၄၉ ဦးသည် ပြည်ပကူးစက်မှုဖြစ်ကာ ပြည်ပကူးစက်မှုပေါင်း ၃၂၆၆၄ ဦး ရှိလာသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် လူ ၄၀ ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၄၁၀၃ ဦး ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၉ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအနည်းဆုံးနှစ်ကြိမ်ထိုးနှံပေးခဲ့ကြောင်းနှင့် ၆၄ ဒသမ ၉ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို