တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင့် ၄၂ ဦး သေဆုံး

စက်တင်ဘာ ၃၀

 

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၄၂ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၈၄၀၆ ဦး ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၄၉၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၄၇၆၉၁၀၁ ဦး ရှိသည်ဟု သိရသည်။

 

ထိုကူးစက်မှုသည် ပြီးခဲ့သည့်နေ့ကကူးစက်မှုအရေအတွက်အောက် လျော့ကျခဲ့ခြင်းဖြစ်သည်ဟု  ကိုရီးယားရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။

 

ပြီးခဲ့သည့်သီတင်းပတ်က နေ့စဉ်ပျမ်းမျှကူးစက်မှုအရေအတွက် ၂၉၁၇၅ ဦးရှိကြောင်း ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၂၇၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး နိုင်ငံအတွင်း ပြည်ပကူးစက်မှုပေါင်း ၆၇၂၃၇ ဦး ရှိလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို