တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန် ပျောက်ဆုံးပြီးနောက် သေဆုံးသည်ကို တွေ့ရှိရ

၁၀ ဇူလိုင်

 

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန် သေဆုံးသည်ကို တွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဆိုသည်။

 

 

ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်းသည် သူနေမကောင်းကြောင်း ပြောဆိုကာ ယမန်နေ့က ဆိုးလ်မြို့တော် ခန်းမတွင် ၎င်းကို မတွေ့ရတော့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ မြို့တော်ဝန်သည် ယမန်နေ့ မနက်ပိုင်းက နေအိမ်မှ ထွက်သွားသည်ဟု သတင်းရရှိသည်။

 

 

မြို့တော်ဝန်က ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်လို့ မရကြောင်း ၎င်း၏ သမီးဖြစ်သူက မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

 

 

ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများက မြို့တော်ဝန်ကို ရှာဖွေမှုများ စတင်ပြုလုပ်ပြီး နောက်တစ်နေ့တွင် ၎င်း၏ အလောင်းကို တောအုပ်ထဲတွင်  တွေ့ရှိခဲ့ကြသည်။

 

 

ရဲတပ်ဖွဲ့က ၎င်းသေဆုံးမှု အခြေအနေကို စစ်ဆေးကြည့်ရှုပြီး ဉပဒေချိုးဖောက်မှုမျိုး မတွေ့ရှိဟု ဆိုသည်။

 

 

တစ်ချိန်က မြို့တော်ဝန်၏ အတွင်းရေးမှူးအဖြစ် အလုပ်လုပ်ခဲ့သော အမျိုးသမီးတစ်ဦးသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တိုင်ကြားချက်ဖြင့် မြို့တော်ဝန်ကို အမှုဖွင့်ထားသည်။

 

 

ထိုတိုင်ကြားချက်ကို ဇူလိုင် ၈ ရက်နေ့က လက်ခံခဲ့သော်လည်း စုံစမ်းစစ်ဆေးမှု ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောဆိုသော်လည်း အသေးစိတ် ရှင်းပြရန် ငြင်းဆိုခဲ့သည်။

 

 

ပတ်သည် ၂၀၁၁ ခုနှစ် ဆိုးလ်မြို့တော်ဝန် ရွေးကောက်ပွဲ အနိုင်မရမီ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။ ပတ်သည် ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ရခဲ့သည်။ ပတ်သည် မြို့တော်ဝန် အဖြစ် တတိယသက်တမ်းကို တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို