တောင်ကိုရီးယားဘဏ်များ မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ရန်စီစဉ်နေ

ရန်ကုန်  ၂၈   နိုဝင်ဘာ

 

ဖွံ့ဖြိုးတိုးတက်နေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သော မြန်မာနိုင်ငံတွင်  ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် သမ္မတမွန်ဂျေးအင်၏ တောင်ပိုင်းမူဝါဒသစ်အရ ဘဏ်လုပ်ငန်းများ မြန်မာနိုင်ငံတွင် တိုးချဲ့လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်နေေကြာင်း နိုဝင်ဘာ(၂၆)ရက်နေ့က ကိုရီးယားတိုင်းမ်သတင်းဌာနတွင် ဖော်ပြချက်အရ သိရသည်။

 

1

 

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသည် အာဆီယံတွင်အကြိီးမားဆုံး တိုးတက်မှုအလားအလာကိုပြသလျှက်ရှိပြီး မိမိတို့ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အစိုးရ၏ တောင်ပိုင်းမူဝါဒသစ်ကို ပံ့ပိုးကူညီနိုင်လိမ့်မည်ဟု ကိုရီးယား စက်မှုဘဏ် (IBK) မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားခဲ့သည်။

 

ထိုကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် နိုဝင်ဘာ ၂၆ ရက်နေ့တွင် စီးပွားရေးမဟာမိတ်ဖွဲ့ခဲ့ကြောင်း ကိုရီးယားစက်မှုဘဏ် (IBK)က ထုတ်ပြန်ခဲ့ရာ သဘောတူညီချက်အရ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများကို အပြန်အလှန်ဖလှယ်မှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ရာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စီးပွားရေးလုပ်ငန်းအခွင့်အလမ်းများ ရှာဖွေရန် မြန်မာနှင့်ကိုရီးယား ကုမ္ပဏီများကို ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်