တောင်ကြီးနှင့် ညောင်ရွှေမြို့နယ် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများ ဝယ်ယူဖြန့်ဖြူး

တောင်ကြီး၊ ၁၂ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် သီဟအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းက ပဲခူးတိုင်းဒေသထွက် ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးပိ/ငါးခြောက်မျိုးစုံ အာဗြဲခြောက်၊ ငါးပုတ်သင်ခြောက်၊ ငါးနီတူခြောက်နှင့် ငါးပိများကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ် သမဝါယမဦးစီးဌာန၊ ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုလီမိတက်နှင့် တိုးတက်စည်သာ မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းတို့ ပူးပေါင်းညှိနှိုင်း၍ ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက် ရေထွက်ပစ္စည်းများဖြစ်သော တီလားဗီးယားငါး၊ ငါးလုံး၊ ငါးခုံးမ၊ ပုစွန်ဆိတ် စုစုပေါင်း ပိဿာချိန် (၁၀၀)အား ဒေသပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ဆောင်ရွက်ပေးခြင်းအတွက် ငါးထုတ်လုပ်သူများ၏ လက်တလောကြုံတွေ့နေရသည့် အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ပြေလည်စေသည့်အပြင် စားသုံးသူပြည်သူများမှလည်း ဈေးနှုန်းချိုသာစွာဖြင့် လတ်ဆတ်သော ငါးများကို စားသုံးရသည့် အကျိုးကျေးဇူးများ ရရှိလျက်ရှိကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန