တောင်ကြီး ဇွန် ၇

 

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဇွန် ၄ ရက်မှစ၍ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု မြေပြင်ကွင်းဆင်းအဖွဲ့ဖြင့် ကွန်လုံကျေးရွာအုပ်စု ကျောက်နီမွေးမြူရေးဇုန်၌ ကွင်းဆင်းဆောင်ရွက်ရာ မွေးမြူသူ ကိုးဦးနှင့် လုပ်ငန်းကုမ္ပဏီ သုံးခုတို့မှ နို့စားနွား ၁၁၅၈ ကောင်၊ ဒေသနွား ၇၀၇ ကောင်နှင့် အသားတိုးနွား ၁၉ ကောင် စုစုပေါင်းနွား ၁၈၈၄ ကောင်ကို ဌာနမှထုတ်လုပ်သည့် FMD O Type ခွာနာလျှာနာရောဂါကာကွယ်ဆေး ငါးကြိမ်မြောက် ထပ်မံထိုးနှံပေးခြင်း၊ လက်ရှိမွေးမြူထားသော နို့စားနွားနှင့်ဒေသနွား အသက်တစ်လနှင့်အထက်ကို ရာနှုန်းပြည့် FMD O Type ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဇွန် ၄ ရက်မှ ၇ ရက်အထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                       

ခရိုင်(ပြန်/ဆက်)