တောင်ကြီးမြို့၏ သာယာလှပသော ရှု့ခင်းများအား Sight Seeing ကြည့်ရှုနိုင်ရန်အတွက် တောင်ကြီး - ပေါမူ၊ ပေါမူ - တောင်ကြီးခရီးစဉ် ရထားပြေးဆွဲ

 

နေပြည်တော်၊ ဇန်နဝါရီ   ၂၁

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ သာယာလှပသော ရှု့ခင်းများအား စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး - ပေါမူ - တောင်ကြီး (အသွား/အပြန်) ရထားခရီးစဉ်ကို အပတ်စဉ် တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပြေးဆွဲပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးဘူတာမှ စတင်ပြေးဆွဲပေးခဲ့သည်။

 

တောင်ကြီး - ပေါမူ ခရီးစဉ်မှာ (၁၁ ဒသမ ၄၁) မိုင် ကွာဝေး၍ ပြေးဆွဲချိန် နာရီခွဲခန့် ကြာမြင့်ပြီး လမ်းခရီးတွင် ဘဝသံသရာ အဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှု့ခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ မိနစ် (၃၀) နှင့် ပေါမူဘူတာသို့ ရောက်ရှိချိန်တွင် ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် (၃၀) ရပ်တန့်ပေးခဲ့ပြီး ပေါမူဘူတာမှ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ တောင်ကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိသည်။

 

ပြေးဆွဲသည့် ရထားတွဲဆိုင်းမှာ မြင်းကောင်ရေ (၂၀၀၀) အား စက်ခေါင်းဖြင့် အထက်တန်း () တွဲ၊ ရိုးရိုးတန်း () တွဲနှင့် ရထားထိန်းတွဲ () တွဲ ဖြစ်ပြီး ယနေ့ခရီးစဉ်၌ တောင်ကြီး မြို့ရှိ Golden Private School မှ မူလတန်းကျောင်းသား၊ ကျောင်းသူ (၁၇၅) ဦး၊ ကြီးကြပ်သူ ဆရာ/ဆရာမ (၁၈) ဦးနှင့် ပြင်ပ ရထားစီးခရီးသည် (၉၂) ဦး စုစုပေါင်း (၂၈၅) ဦး လိုက်ပါစီးနင်းခဲ့ကြသည်။ အဆိုပါ တောင်ကြီး - ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားမှာ အထက်တန်းတစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀) ဖြစ်သည်။

 

တောင်ကြီး - ပေါမူ ခရီးစဉ်သည် တောင်ကြီးမြို့မှ စတင်ထွက်ခွာသည်နှင့် တောင်ကြီး မြို့၏ အထင်ကရနေရာ မီးပုံပျံကွင်းကြီးကို ရထားပေါ်မှနေ၍ ကြည့်ရှုခံစားရခြင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသော မြို့ပြမြင်ကွင်းများကို ရထားပေါ်မှ ကောင်းစွာ မြင်နိုင်ပြီး စိတ်လက်ကြည်လင်အေးချမ်းစေခြင်း၊ မြန်မာ့မီးရထား၏ ဒုတိယ ဘဝသံသရာ တံတားအား ဖြတ်သန်းစဉ် အဝေးဆီမှ တောင်တန်းများ၊ ကွင်းပြင်ကျယ်များကို ရှုမျှော်ခံစားနိုင်ခြင်း၊ ထီသိမ်ဘူတာသို့ ရထားဆိုက်ရောက်ရပ်နားချိန် မိနစ် (၃၀) အတွင်း ဘူတာအထက်ဘက်ရှိ ရှုရပ်မှနေ၍ ထီသိမ်အဝိုင်းပတ် (ဘဝသံသရာတံတား) အား အပေါ်စီးမှနေ၍ ကြည့်ရှုခြင်း၊ အဝေးဆီမှ ထီသိမ်ဘုရား၊ မြေပြိုဘုရားများကို ကြည်ညိုဖူးမျှော်နိုင်ခြင်း၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများစသည့် တောင်တန်းနှင့် သဘာဝအလှအပရှု့ခင်းများကို ကြည့်ရှုခံစားနိုင်ခြင်းတို့ကြောင့် စိတ်လက်အေးချမ်း ပျော်ရွှင်မှု ရရှိကြောင်း ရထားပေါ်တွင် လိုက်ပါစီးနင်းကြသူများထံမှ သိရှိရသည်။

 

 အပတ်စဉ် တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အဆိုပါ တောင်ကြီး - ပေါမူ အသွား/ အပြန် ခရီးစဉ်အတွက် အထက်ပါသတ်မှတ်နှုန်းထားဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးသွား ကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင် မှု လုပ်ငန်းများမှ ရထားအဆိုင်းလိုက် (တစ်စီးလုံး) ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်