ကိဗ်တောင်း ဇန်နဝါရီ ၂၆
နစ်ဆန်းကားကုမ္ပဏီက တောင်အာဖရိကရှိ ၎င်း၏စက်ရုံကို တရုတ်ကား ထုတ်လုပ်သူတစ်ဦးထံ ရောင်းချတော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အဆိုပါစက်ရုံသည် နစ်ဆန်း၏ လုပ်ငန်းပြန်လည်ဖွဲ့စည်းမှုအစီအစဉ်အရ တောင်အာဖရိကမှ ထွက်ခွာရန် စီစဉ်ထားသည့် ဂျပန်ကားကုမ္ပဏီ ခုနစ်ခုထဲမှ နောက်ဆုံးတစ်ခုဖြစ်သည်။
မေလဝန်းကျင်မှစကာ အဆိုပါစက်ရုံ၌ ကားများဆက်လက်ထုတ်လုပ်တော့မည်မဟုတ်ကြောင်း နစ်ဆန်းက ပြောကြားလိုက်သည်။
နစ်ဆန်းသည် ကမ္ဘာတစ်ဝန်းရှိ စက်ရုံ ၁၇ ရုံကို ၁၀ ရုံအထိ လျှော့ချပြီး လုပ်ငန်းပြန်လည်ဖွဲ့စည်းသွားမည်ဟု လွန်ခဲ့သည့်နှစ် မေလက ထုတ်ဖော်ပြောကြားခဲ့သည်။
နစ်ဆန်း၏ ကမ္ဘာ့ကားအစီးရေရောင်းအားသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ခြောက်လအတွင်း ၁ ဒသမ ၄၈ သန်းအထိ ရှိခဲ့သည်။
အဆိုပါပမာဏသည် လွန်ခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ကြည့်ပါက ကားရောင်းအား ၇ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ အထူး သဖြင့် တရုတ်၊ ဂျပန်နှင့် ဥရောပတို့တွင် ကျဆင်းလျက်ရှိသည်။
အင်န်အိတ်ချ်ကေ


