တောင်အာဖရိက နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ များလာတဲ့အတွက် ကျောင်းတွေ တစ်လ ပြန်ပိတ်

၂၄ ဇူလိုင်

 

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များလာချိန်မှာ ကျောင်းတွေကို တနင်္လာနေ့ (ဇူလိုင်၂၇ ရက်) နေ့ကစပြီး တစ်လတိတိ ပိတ်လိုက်ကြောင်း သမ္မတက ကြေညာလိုက်ပါတယ်။ တောင်အာဖရိက နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အရေအတွက် စုစုပေါင်း ၄၀၈,ဝ၅၂ ဦး ရှိသွားတဲ့အတွက် ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူဟာလည်း ၆,ဝ၀ဝ ကျော်နေကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ များလာတဲ့အတွက် ကျောင်းဝန်ထမ်းတွေကြားမှာ စိုးရိမ်မှုတွေ များလာပါတယ်။ အစိုးရက ကျောင်းတွေကို ဇွန်လမှာ  တချို့အတန်းတွေ ပြန်ဖွင့်ဖို့ စီစဉ်ရာ သမဂ္ဂက အဲဒီအစီစဉ်ကို ဆက်မလုပ်ရန် တောင်းဆိုခဲ့ပါတယ်။  သမ္မတ ရာမတ်ဖိုဆာက နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အစိုးရ အဖွဲ့ဝင်တွေက ကျောင်းတွေကို ဇူလိုင် ၂၇ ရက် မှ စပြီး သီတင်းပတ် လေးပတ် ပိတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း၊ ဩဂုတ် ၂၄ ရက်မှာ ကျောင်းပြန်ဖွင့်မှာ ဖြစ်ကြောင်း၊ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေတဲ့အတွက် ကျောင်းတွေကို ပိတ်ဖို့ ဆုံးဖြတ်တာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်လာတဲ့ စီးပွားရေးနဲ့ လူမှုရေးအတွက် ထောက်ပံ့ရေး ရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံ သုံးစွဲသွားမယ်လို့သိရပါတယ်။

 

 

တောင်အာဖရိကနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ တစ်ဝက်နီးပါးဟာ ကိတ်တောင်းမြောက်ဘက်ပိုင်း ပြည်နယ်မှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများစုဟာ တောင်အာဖရိကရဲ့ စီးပွားရေးမြို့ ဂူတန်မှာ ဖြစ်ပေမယ့် သေဆုံးသူ အရေအတွက်က နည်းကြောင်း သိရပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေရဲ့ ၆၀ ရာခိုင်နှုန်း နီးပါးက ပြန်လည်ကျန်းမာလာတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား - AFP