တစ်လကျော်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်- ၁၉ ကြောင့် လူသေမှု အများဆုံးနေ့အဖြစ် စံချိန်တင်

ဒါကာ ဇွန် ၁၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန် ၁၃ ရက်၌ ကိုဗစ် -၁၉ ကြောင့် နေ့စဉ်လူသေမှုနှုန်းမှာ တစ်လကျော်ကာလ အတွင်း အများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့သည်။

ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်အရ ကိုဗစ် - ၁၉ ကြောင့် စုစုပေါင်း သေဆုံးမှုနှုန်းမှာ ၁၃၁၁၈ ဦးရှိခဲ့သည်။ ဇွန် ၁၃ ရက်တွင် ကိုဗစ် -၁၉ နှင့်ဆက်စပ်ပြီး သေဆုံးသူအရေအတွက် ၄၇ ဦး ရှိခဲ့ပြီး ယင်းပမာဏမှာ မေ ၉ ရက်နောက်ပိုင်းတွင် အများဆုံး ပမာဏဖြစ်သည်ဟု ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားရေးမှူးရုံးက သတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ် -၁၉ နောက်ထပ်ကူးစက်ခံရသူ ၂၄၃၆ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၈၂၆၉၂၂ ဦးရှိသည်။ ဇွန် ၁၃ ရက်တွင် လူပေါင်း ၁၈၇၄၉ ဦးကို ဆေးစစ်ပေးနိုင်ခဲ့သည်။ တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များအရဘ င်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ် -၁၉ ကြောင့် သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၅၉ ရာခိုင်နှုန်းရှိပြီး ပြန်လည်ကျန်းမာလာသူနှုန်းမှာ ၉၂ ဒသမ ၆၆ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ဆင်ဟွာ