TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက်မည့် တရားခံများ ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၃

 

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG  နှင့်  ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများအနေဖြင့် လူငယ်၊ လူရွယ်များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံသို့ ပို့ဆောင်၍အကြမ်းဖက်ဖောက်ခွဲ ရေးသင်တန်းများ တက်ရောက်စေကာ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်အဆောက်အဦများ မီးရှို့ခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 

ဖမ်းဆီးရမိ

 

ထိုသို့ဆောင်ရွက်မှုများ မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့/ည မပြတ် စုံစမ်းထောက်လှမ်း ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂ ရက် ညနေ ပိုင်းတွင် ကျောက်မဲမြို့နယ် Oriental တိုးဂိတ်၌ မန္တလေးမြို့မှ ကျောက်မဲမြို့ဘက်သို့ ထွက်ခွာလာသည့် “ရွှေလိပ်ပြာ” ခရီးသည်တင် ယာဉ်လိုင်းမှ ယာဉ်မောင်း လှိုင်မင်းထွန်း မောင်းနှင်သည့် ယာဉ်အမှတ်၊ CC-8581 ၊ Win-groad အမျိုးအစား ခဲရောင် မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ TNLA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့ထံ၌ အကြမ်းဖက် ဖောက်ခွဲရေး သင်တန်းတက်ရောက်ရန် သွားရောက်မည့် တရားခံများဖြစ်သော ညီညီ ထွန်း၊ သန့်ဇင်ထွန်း၊ ဟိန်းမင်းဦး၊ ထက်ပိုင်လင်း၊ မျိုးမြင့်မြတ်၊ ကျော်ဇင်ထက်၊ စိုင်းထက်အောင်၊ အောင်ဇော်ဟိန်း၊ ဝေယံဦး နှင့် စနေထွန်း တို့ ၁၀ ဦးကို ဖမ်းဆီး ရမိခဲ့သည်။

 

mdn

 

mdn

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်းတွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းတက်ရောက်မည့်သူများအား ချိတ်ဆက်ပို့ဆောင်ပေးမည့် တရားခံ ကေလာ ကို ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ကားဝင်း၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင်စုစုပေါင်း တရားခံ ကျား ၁၂ ဦး ဖမ်းဆီးရမိခဲ့သည်။

 

mdn

 

ဖောက်ခွဲဖျက်ဆီးရေးသင်တန်း

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ညီညီထွန်း၊ သန့်ဇင်ထွန်း၊ ဟိန်းမင်းဦး၊ ထက်ပိုင်လင်း၊ မျိုးမြင့်မြတ်၊ ကျော်ဇင်ထက်၊ စိုင်းထက်အောင်၊ အောင်ဇော်ဟိန်း၊ ဝေယံဦး နှင့် စနေထွန်း တို့ ၁၀ ဦးသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးရန်ကျန် တရားခံ သန်းဝင်းအောင် (ခ) ပေါကြီး ခေါင်းဆောင်သည့် ဘုတလင်မြို့နယ် ပိုးကုန်းကျေးရွာ ရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ပိုးကုန်းကျေးရွာ၏ အနောက်ဘက်တော အတွင်း၌ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း ၁၀ ရက်ခန့် တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

 

တရားခံများ၏ ထွက်ဆိုချက် အရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် ညီညီထွန်း ပါ ၁၀ ဦး တို့သည် ဖမ်းဆီးရန်ကျန်တရားခံ သန်းဝင်းအောင် (ခ) ပေါကြီး၏ ချိတ်ဆက် ပို့ဆောင်ပေးမှုဖြင့် TNLA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့ထံ၌ အကြမ်းဖက်ဖောက် ခွဲရေး သင်တန်းတက်ရောက်ရန် ဘုတလင်မြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် လာရောက်ခဲ့ပြီး မန္တလေးမြို့သို့ ရောက်ရှိစဉ် ဖမ်းဆီးရန်ကျန် တရားခံ သန်းဝင်းအောင် (ခ) ပေါကြီး မှ ကြိုတင်ချိတ်ဆက်ထားသည့် “ရွှေလိပ်ပြာ” ယာဉ်လိုင်းမှ ယာဉ်မောင်း လှိုင်မင်းထွန်း လာရောက်ခေါ်ဆောင်သည့် မော်တော်ယာဉ်ဖြင့် ကျောက်မဲမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 

mdn

 

သင်တန်းတက်ရောက်မည်

 

ဖမ်းဆီးရမိတရားခံ လှိုင်မင်း ထွန်း သည် ညီညီထွန်း ပါ ၁၀ ဦး တို့ကို မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ပို့ဆောင်ပေးရန် သန်းဝင်းအောင် (ခ) ပေါကြီး ထံမှ ငွေကျပ် သုံးသိန်းလက်ခံရရှိခဲ့ကြောင်း၊ ထို့အပြင် ကျောက်မဲမြို့သို့ ရောက်ရှိပါက ကေလာမှတစ်ဆင့် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာသို့ ဆက်လက်ပို့ဆောင်၍ TNLA အကြမ်းဖက် သောင်းကျန်း သူအဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်မည် ဖြစ်ကြောင်း ဖော်ထုတ်သိရှိ ရသည်။

 

ဥပဒေအရ အရေးယူနိုင်ရေး

 

သို့ဖြစ်၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံ၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက် ရောက်ရန် သွားရောက်မည့်သူများ နှင့် ကူညီဆောင်ရွက်ပေးသူများ အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံများ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်