အော့တဝါ   မတ်  ၂၄

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးသည် ဧပြီ ၂၈ ရက်တွင် အစောဆုံး ရွေးကောက်ပွဲကျင်းပရန် ကတိပြုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မှုနှင့်  ပေါင်းစည်းမည့်  ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

မတ် ၁၄ ရက်တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သော ကာနေးသည် ကနေဒါနိုင်ငံသား များအား  ထရမ့်နှင့် ဆက်ဆံရေးကို ကိုင်တွယ်ရန်နှင့် လူတိုင်းအတွက်  အဆင်ပြေသော  စီးပွားရေး ကို တည်ဆောက်နိုင်ရေးအခွင့်အရေးပေးရန်    တောင်းဆိုကြောင်း ပြောကြားခဲ့သည်။

သမ္မတထရမ့်၏ တရားမျှတမှုမရှိသော ကုန်သွယ်မှုလုပ်ဆောင်ချက်များနှင့် မိမိတို့၏  အချုပ်အခြာ အာဏာကို  ခြိမ်းခြောက်မှုများကြောင့်   အကြီးမားဆုံးအကျပ်အတည်းနှင့်  ရင်ဆိုင်နေရကြောင်း ၎င်းက ပြောကြားသည်။ 

ထရမ့်က ကနေဒါ၏  အချုပ်အခြာအာဏာကို အကြိမ်ကြိမ် စိန်ခေါ်ခဲ့ပြီး ကနေဒါမှ ကုန်ပစ္စည်းများကို အခွန်စည်းကြပ်ခြင်းအပြင် အမေရိကန်၏   ၅၁ ခုမြောက် ပြည်နယ်အဖြစ် သတ်မှတ်ရန် တောင်းဆို ခဲ့သည်။

အမေရိကန်အနေဖြင့်  ကနေဒါနိုင်ငံ၏ ရေမြေနှင့် အရင်းအမြစ်များကို မည်မျှလိုချင်သော်လည်း ဘယ်တော့မှ ရလိမ့်မည်မဟုတ်ဟု နယူးဖောင်လန်တွင်ပြုလုပ်သည့် လူထုစည်းဝေးပွဲ၌  ဝန်ကြီးချုပ် ကာနေးက ပြောကြားသည်။ ကနေဒါနိုင်ငံ၏  အချုပ်အခြာအာဏာကို အသိအမှတ်မပြုမချင်း အမေရိကန်ခေါင်းဆောင်နှင့် တွေ့ဆုံမည်မဟုတ်ကြောင်း ကာနေးက ကတိပြုထားသည်။    ကနေဒါ  ရွေးကောက်ပွဲကော်မရှင်၏ အဆိုအရ မဲဆွယ်မှုသည် ရွေးကောက်ပွဲ နေ့မတိုင်မီ တစ်ရက်အလို ဧပြီ ၂၇ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။                                                               

ဆင်ဟွာ