ထရမ့်က စက်တင်ဘာလအတွင်း စာသင်ကျောင်းများ ဖွင့်လှစ်လိုကြောင်းပြောကြား

၉ ဇူလိုင်

 

 

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၃ သန်းသို့ ရောက်ရှိခဲ့သော်လည်း စက်တင်ဘာလတွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်း ပြောကြားခဲ့သည်။

 

 

နိုဝင်ဘာလတွင် ပြန်လည်ရွေးကောက်ခံရရန် ကြိုးပမ်နေသည့် ဒေါ်နယ်ထရမ့်က အမေရိကန် ပြည်ထောင်စုက ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိသည်ဟု ပြသချင်ပုံရသည်။

 

 

ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေနှင့်ဆွီဒင်နိုင်ငံနှင့် အခြားနိုင်ငံများတွင် ကျောင်းများကို မည်သည့် ပြဿနာများမှ မရှိပဲ ဖွင့်လှစ်ထားနိုင်ကြောင်း ထရမ့်က ၎င်း၏ တွစ်တာစာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က ဖော်ပြထားသည်။

 

 

ကျောင်းများကို ဖွင့်ခွင့်မရလျှင့် ရန်ပုံငွေများဖြတ်တောက်ပစ်မည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

 

ထရမ့်သည် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများနှင့်လည်း ပြဿနာများ ဖြစ်ပေါ်ခဲ့ပြီး အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာကမူ ကျောင်းများ ဖွင့်လှစ်ရန်အတွက် အလွန်ပင်ခက်ခဲကြောင်းနှင့် အရင်းအနှီးများ ကြီးမားလွန်းသည့် လမ်းညွှန်ချက်များနှင့် ပတ်သက်၍ သဘောမတူကြောင်း ထရမ့်က တွစ်တာတွင် ဖော်ပြထားသည်။

 

 

ကျောင်းများကို ဖွင့်လှစ်ချင်ပေမဲ့လည်း ကျောင်းများသည် လက်တွေ့မကျသည့် အရာများကို တောင်းဆိုနေကြကြောင်း ၎င်း၏ မှတ်ချက်များမှာ ဆန့်ကျင်ဖက် ရလဒ်များ ထွက်လာသည်ဟု ဆိုသည်။

 

 

ကျောင်းများ ဖွင့်လှစ်ခြင်းသည် ပြည်နယ်အစိုးရ၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း နယူးယောက် အုပ်ချုပ်ရေးမှူးဖြစ်သူ အင်ဒရူး ကူမိုက ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

ကျောင်းသူ/ကျောင်းသားများ၏ ကျန်းမာရေးကို မည်ကဲ့သို့ ကာကွယ်ရမည်နှင့် ပတ်သက်၍ ထရမ့်သည် ကျွမ်းကျင်သူ မဟုတ်သည့် အတွက် မိမိအနေဖြင့် သံသယဝင်မိကြောင်း ကူမိုက ထပ်မံပြောကြားခဲ့သည်။ 

 

 

ကိုးကားအန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

2429