နေပြည်တော် မေ ၉

ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရေစိုကျေးရွာ ငြိမ်းအေးဓမ္မဗိမာန်၌ အခြေပြု၍ ယနေ့နံနက်ပိုင်းတွင်  အဆိုပါကျေးရွာနှင့်  ပတ်ဝန်း ကျင်ကျေးရွာများရှိ သံဃာတော် ၁၅ ပါးနှင့် ဒေသခံ ပြည်သူ  ၁၅၀  တို့အား  အရိုးအကြောရောဂါ၊  ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ရန်မျိုးလုံရပ်ကွက် မဟာဓမ္မပါလကျောင်း   နန်းဦးကျောင်းတိုက် အဂ္ဂမဟာဂုဏ်ရည်ကျောင်းဆောင်၌  သံဃာတော်များနှင့်   ဒေသခံပြည်သူများအား   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သံဃာတော် ၂၃ ပါး၊   သာသနာ့နွယ်ဝင်သီလရှင်   ၇၇  ပါးနှင့်  ဒေသခံ ပြည်သူ  ၇၁  ဦးတို့အား သွေးတိုးရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ အဆစ်အမျက်ရောင် ရောဂါ၊ ဆီးချိုရောဂါ၊  သားဖွားမီးယပ်ရောဂါ၊   နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သည့်  လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ညှိနှိုင်းဆောင်ရွက်ပေး

ကုသဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့်   တပ်နယ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 

သတင်းစဉ်