ထန်တလန်မြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

ထန်တလန်၊    ၁၂      ဖေဖော်ဝါရီ

 

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ခြင်း အခမ်းအနားကို မြို့နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် နံနက် နာရီခွဲ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံကို လွှင့်ထူအလေးပြုခဲ့ကြသည်။ ဆက်လက်၍ နံနက် နာရီတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်က ဖတ်ကြားသည်။

 

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

မြို့နယ်(ပြန်/ဆက်)