ထန်တလန်မြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်

mdn

နေပြည်တော် ၁၉ အောက်တိုဘာ

 

ယနေ့ည ၈ နာရီ ၅ မိနစ်တွင် ထန်တလန်မြို့၏ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၂.၅၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၂၇)ဒီဂရီ၊ အနက် (၂၄) ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။

 

MDN