ထိပ်တန်း နိုင်ငံရေးသမားများ၏ တွစ်တာအကောင့်များ ခိုးယူခံရ

၁၆ ဇူလိုင်

 

 

ထိပ်တန်း နိုင်ငံရေးသမားများ၊ စီးပွားရေး ခေါင်းဆောင်များနှင့် ထိပ်တန်း ကုမ္ပဏီများ၏ တွစ်တာအကောင့်များကို ဇူလိုင်လ ၁၅ ရက်နေ့က အမည်မသိ ဟက်ကာများမှ ခိုးယူခဲ့ကြောင်း အမေရိကန် မီဒီယာများက ပြောကြားခဲ့သည်။

 

 

ဒုတိယသမ္မတဟောင်းဖြစ်သူ ဂျိုးဘိုင်ဒင်၊ သမ္မတဟောင်းဖြစ်သူ ဘားရက် အိုဘားမား၊ မိုက်ခရိုဆော့ဝဲလ် တည်ထောင်သူ ဘီလ်ဂိတ်နှင့် တဲလ်ဆာ အမှုဆောင် အရာရှိချုပ် အယ်လ်လွန်မက် တို့ကို ၎င်းတို့က အဓိကထား ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

 

Appleနှင့် Uber ကုမ္ပဏီကြီးများ၏ ရုံးအကောင့်များကိုလည်း ခိုးယူခဲ့သည်ဟု ဆိုသည်။

 

 

ငွေးကြေး အပေးအယူ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ အကောင့်များဖြင့် တွစ်တာပေါ်တွင် အကောင့်အတုများဖြင့် တင်ထားခဲ့သည်။

 

 

လုံခြုံရေး ကျိုးပေါက်မှုကို သတိပြုမိပြီးနောက် စုံစမ်းရန်နှင့် ပြင်ဆင်မှု ပြုလုပ်ရန် ပြင်ဆင်နေကြောင်း တွစ်တာက ပြောကြားခဲ့သည်။

 

 

သုံးစွဲသူများ အနေဖြင့် ဗုဒ္ဓဟူးနေ့ ညပိုင်းမှသာ အကောင့်ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီမှ နောက်ပိုင်းပြောကြားခဲ့သော်လည်း သုံးစွဲသူများ၏ အကောင့်များမှာ တည်ငြိမ်မှု မရှိသေးပေ။

 

 

အဆိုပါ အဖြစ်အပျက်သည် တွစ်တာ၏ ယုံကြည်မှုကို သံသယ ဖြစ်စေနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်