ထီးလင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော် ၂၁ မေ


ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ (၂၂)မိနစ်၊ (၄၄)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆၄) မိုင် ခန့်ကွာဝေးသော (ထီးလင်းမြို့၏ မြောက်-အရှေ့မြောက်ဘက် (၇) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၇၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၃) ဒီဂရီ၊ အနက် (၆၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


MDN