ထီးချိုင့် ၂၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည် ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းမတည်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို အဖွဲ့(၅)ဖွဲ့ခွဲ၍ စပ်စား ကျေးရွာအတွင်း အိမ်တိုင်ရာရောက်စနစ်ဖြင့် လုပ်ငန်း(၄)မျိုးအတွက် ထုတ်ချေးပေးခဲ့ပါကြောင်း ကျေး လက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦး ထံမှ သိရသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်း ချေးငွေထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ (၉၉)ဦးကို ကျပ်သိန်း(၃၂၃)သိန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ(၅၅)ဦးကို ကျပ်သိန်း (၁၄၅)သိန်း၊ အသက်မွေးဝမ်းကျောင်းအတွက်(၁)ဦးကျပ်(၂) သိန်း၊ အရောင်းအဝယ်လုပ်ငန်းဆောင်ရွက် ရန်(၄)ဦးကို ကျပ်(၁၀) သိန်း၊ စုစုပေါင်း အသင်းဝင်(၁၅၉ )ဦးကို ချေးငွေကျပ်သိန်း (၄၈၀) အား Covid-19 ကာလ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ချေးယူသူလက်ဝယ်အရောက် ပြန်လည်ထုတ်ချေး ပေးနိုင်ခဲ့ ကြောင်း သိရသည်။
မွှေးကြူဇင်


