ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၁၂၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး

ထားဝယ်၊ ၁၂ ဖေဖော်ဝါရီ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၅၉/ ၂၀၂၁နှင့် ၆၀/၂၀၂၁ တို့ဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ထားဝယ်အကျဉ်းထောင်မှ အမျိုးသား(၁၁၉)ဦး၊ အမျိုးသမီး(၉)ဦး၊ စုစုပေါင်း (၁၂၈)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းသက်သာခွင့် ရရှိသူများကို ၎င်းတို့၏ မိဘ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးသားချင်းများက ၀မ်းပန်းတသာဖြင့် လာရောက်ကြိုဆိုကြကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင် ပြန်/ဆက်)