ချောင်းဆုံမြို့နယ် ဇီးကုန်းကျေးရွာပင်လယ်ကမ်းခြေကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန် လာသည့်အတွက် အပန်းဖြေစရာနေရာတစ်ခုအဖြစ် စိတ်ဝင်စားသူများလာ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ပြီး ပင်လယ်ကမ်းခြေရွာတစ်ရွာဖြစ်သည့် ဇီးကုန်းကျေးရွာသည် ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အတွက် အပန်းဖြေနေရာတစ်ခုအဖြစ် လူများစိတ်ဝင်စားပြီး လာရောက် လည်ပတ်သူများရှိကြောင်း
အမရပူရမြို့နယ်  တပ်ကြီးရွာမှ  ပြုလုပ်သည့် ရောင်စုံမြေထည်အရုပ်စုဘူးများ  ဒေသအနှံ့  တင်ပို့ရောင်းချ
မန္တလေးမြို့ အမရပူရမြို့နယ် တပ်ကြီးရွာမှ ပြုလုပ်သော ရောင်စုံအရုပ်စုဘူးများကို ဒေသအနှံ့ လှိုင်လှိုင် တင်ပို့လျက်ရှိရာ အဆင်ပြေလျက်ရှိကြောင်း တပ်ကြီးရွာမှ မြေထည်ပစ္စည်းများ ပြုလုပ်ရောင်းချသူ ဒေါ်နှင်းရီ ထံမှ သိရသည်။
နောင်ချိုမြို့ ဂုတ်ထိပ်တံတားအနီးတွင် မြန်မာနိုင်ငံ၏ ပထမဆုံး မှန်တံတား တည်ဆောက်တော့မည်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၏ ဂုတ်ထိပ်တံတားအနီးတွင် မြန်မာနိုင်ငံ၏ ပထမဆုံး  မှန်တံတားကိုတည်ဆောက်တော့မည်ဖြစ်ကြောင်း သိရသည်။ မြေအကျယ် (၁၇)ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး မှန်တံတားအပြင် အပန်းဖြေဥယျာဉ်၊ ကစားကွင်း၊ ဘန်ဂလိုများ၊ ရွက်ဖျင်တဲများ၊ စားသောက်ဆိုင်များ စသည့်နားနေလည်ပတ်စရာများ ပါဝင်မည်ဖြစ်ကြောင်း၊
ငလိုက်စခန်းသာ ဆင်စခန်း၌ တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား) နှင့် ကြိုးတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တသီရိမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၇/၀ အနီး ငလိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ်-၇၈ ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသည့် ငလိုက်စခန်းသာ ဆင်စခန်း၌ တည်ဆောက်လျှက်ရှိသည့် တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား) နှင့် ကြိုးတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
မိုးကောင်းမြို့၌ တိမ်ပင်လယ်ကြည့်ရှုအပန်းဖြေသူများ စည်ကား
ကချင်ပြည်နယ် မိုးကောင်းမြို့၌ လွတ်လပ်ရေးနေ့တွင် လွိုင်ဟင်းချယ်တောင်ပေါ် တက်ရောက်၍ တိမ်ပင်လယ် ကြည့်ရှုအပန်းဖြေသူများနှင့် စည်ကားလျက်ရှိသည်။
နှစ်သစ်ကူး ရုံးပိတ်ရက်တွင် အင်းဝရှေးဟောင်းဒေသမှ ရတနာဆီမီးဘုရားစုသို့ ပြည်သူအချို့ လာရောက်ဖူးမြော်
၂၀၂၁ ခုနှစ်   နှစ်သစ်ကူးရုံးပိတ်ရက်တွင်  ပြည်တွင်းခရီးသွားအချို့ ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အင်းဝရှေးဟောင်းဒေသ ရတနာဆီမီးဘုရားစုသို့  လာရောက်ဖူးမြော်မှုများရှိနေကြောင်း  သိရသည်။
ရိခေါဒါရ်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်