အာဖရိကတိုက် ဆဟာရဒေသခွဲ၌ ကိုဗစ်ကာလအတွင်း ငှက်ဖျားဖြင့် သေဆုံးသူက ဗိုင်းရပ်စ်ဖြင့် သေဆုံးသူထက် ပိုများ
အာဖရိကတိုက် ဆဟာရဒေသခွဲ နိုင်ငံအချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးမှုများက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများထက် ကျော်လွန်သွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယနေ့ သတိပေးလိုက်သည်။








