အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ တီဘီရောဂါ ကွင်းဆင်းရှာဖွေရေးလုပ်ငန်းကို ဖေဖေါ်ဝါရီ ၁၆ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ မြို့တော်ခန်းမ၌ ကွင်းဆင်းရှာဖွေ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။