တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ ကလေးသူငယ်များ၏ အားလပ်ချိန် အသုံးပြုပုံလည်း ပြောင်းလဲလာကြပါသည်။ ကျွန်မတို့ ငယ်စဉ်က အားလပ်ချိန်တွင် ရပ်ကွက်ထဲက ကလေးများ စုပေါင်း၍ အိမ်ပြင်ထွက် ကစား ကြပါသည်။ လမ်းလျှောက် ထွက်ကြပါသည်။ ကျွန်မတို့သည် လူကြီးများ ဝယ် ပေးထားသော ပုံပြင်စာအုပ်များ၊ ကာတွန်းစာအုပ်များ၊ အပတ်စဉ်ထုတ်၊ လစဉ်ထုတ်စာစောင်များကို အချိန်တစ်ခု သတ်မှတ်၍ ဗဟုသုတ အနေဖြင့် လည်းကောင်း၊