ဆေးလိပ်သောက်တာကြောင့် နှုတ်ခမ်းအပါအဝင် အသားအရေတွေပျက်စီးနေပြီလား။ မပျက်စီးဘူးလို့တော့ မပြောနဲ့နော်။ ဆေးလိပ်သောက်ရင် အဆုတ်ပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်တဲ့အစိတ်အပိုင်းတွေထဲမှာ အသားအရေကလည်း တစ်ခုအပါအဝင်ပါ။ အခုလောလေဆယ်မှာ မပျက်စီးသေးရင်တောင် အချိန်ကြာလာတာနဲ့အမျှ အသားအရေက ပျက်စီးလာမှာပါ။ ကိုယ်တိုင်သောက်တာမပြောနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကတောင် အသားအရေကို တော်တော်လေးထိခိုက်စေနိုင်တာပါနော်။