သီချင်းခွေထဲမှာ သေနတ်ကိုင်သရုပ်ဆောင်ခဲ့တဲ့ အမေရိကန် ရက်ပ်ပါတစ်ဦး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ
သီချင်းခွေတစ်ခုထဲမှာ သေနတ်ကိုင်ဆောင်ပြီး သရုပ်ဆောင်ခဲ့တဲ့အတွက် ယခင်ကလည်း ပြစ်မှုကျူးလွန်ဖူးသူ အမေရိကန် ရက်ပ်ပါတစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တယ်လို့ အမေရိကန် ရှေ့နေတွေက ဇန်နဝါရီ ၃၁ ရက် ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။