လက်ရှိချန်ပီယံ ရန်ကုန်အသင်း အိမ်ကွင်း၌ ရှမ်းယူနိုက်တက်ကို ရှုံးနိမ့်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၁) ပထမနေ့ကို ယနေ့ညနေပိုင်းက YUSC ကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက လက်ရှိချန်ပီယံရန်ကုန်အသင်းကို အဝေးကွင်း၌ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ကစားခဲ့သည်။








