ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါဖလား ခုနစ်နှစ်ဆက် ဆွတ်ခူး

ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၃၄) နောက်ဆုံးပွဲစဉ်များကို စနေနေ့ ညပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကာ ချန်ပီယံလမ်းကြောင်းပေါ်မှ ဘိုင်ယန်မြူးနစ်နှင့် ဖရန့်ဖတ်အသင်းတို့ ယှဉ်ပြိုင်ရာတွင် အိမ်ရှင် ဘိုင်ယန်အသင်း ငါးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိပြီး
(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ ရွှေ ငါး၊ ငွေ ငါး၊ ကြေးငါးခု ဆွတ်ခူးရရှိ

ရန်ကုန် ၁၈ မေ

အမျိုးသမီးလိဂ်တွင် အား/ကာသိပ္ပံ၊ မြဝတီ၊ YREO နှင့် ဂန္ဓမာအသင်း အနိုင်ရ
၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၀) ကို မေ ၁၇၊ ၁၈ ရက်က ဆက်လက်ကျင်းပရာ အား/ကာသိပ္ပံ၊ မြဝတီ၊ YREO နှင့် ဂန္ဓမာအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြသည်။
ရှမ်းယူနိုက်တက်အသင်း နိုင်ငံခြားသားကစားသမားများ ခေါ်ယူအားဖြည့်
မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် နိုင်ငံခြားသား ကစားသမားသုံးဦးအား ခေါ်ယူအားဖြည့်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် အောင်မြင်မှုရရန် ပြင်ဆင်နေပြီး ပထမအကျော့အပြီးတွင် နိုင်ငံခြားသား ကစားသမားများ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရိုးရာလက်ဝှေ့ ဂျပန်ပွဲစဉ် (၁၂) တွင် ရဲသွေးနီနှင့် မင်းမောင်မောင်တို့ အရှုံးရင်ဆိုင်ခဲ့ရသော်လည်း ဗျဂ္လ က ဂျပန်နိုင်ငံသား ပြိုင်ဘက်အား ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့
မြန်မာ့ရိုးရာလက်ဝှေ့၏ ဂျပန်ပွဲစဉ် (၁၂) ကို ယမန်နေ့က တိုကျိုမြို့ ခိုလကုအန်ခန်းမ၌ ဂျပန်စံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကျင်းပခဲ့ရာ မြန်မာ့လက်ဝှေ့ကျော် ရဲသွေးနီနှင့် မင်းမောင်မောင်တို့ အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့သော်လည်း ခေါင်ပွဲထိုးသတ်သည့် ဗျဂ္ဃ က ပြိုင်ဘက်လက်ဝှေ့သမားကို ဒိုင်ပွဲရပ်ဖြင့်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (ဂျပန်) ၏ ဆုဖလားကိုရရှိခဲ့ကြောင်း သိရသည်။
အာဆီယံပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၈ အသင်းကို ကစားသမား ၂၆ ဦးဖြင့် ပြန်လည်ဖွဲ့စည်း
၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၁၈ အသင်းကို ကစားသမား ၂၆ ဦးဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ယခင်ဖွဲ့စည်းထားသည့် ကစားသမားများကို အခြေခံကာ ကစားသမားသစ်အချို့ အားဖြည့်ရွေးချယ်ထားခြင်း ဖြစ်သည်။
အသက် ၁၇ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ
ရွှေဘိုခရိုင် ရေဦးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် ၁၇နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ...........