အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများ တိုင်းဒေသကြီး ပြည်နယ် ၁၀ ခုတွင်ကျင်းပမည်
အသက် ၁၄ နှစ်အောက် လူငယ်များ ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီး ပြည်နယ် ၁၀ ခုတွင် ကျင်းပမည်ဖြစ်ပြီး လက်ရွေးစင် အားကစားသမားများကို ရွေးချယ်မည်ဖြစ်ကြောင်း Myanmar National League မှ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောသည်။







