မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ခြေစမ်းပွဲတွင် စင်ကာပူကို ဂိုးပြတ်အနိုင်ရ

၂၀၁၉ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းနှင့် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်မည့် စင်ကာပူလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေပိုင်းက ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပရာ မြန်မာယူ-၁၉ အမျိုးသမီးအသင်းက ငါးဂိုးပြတ် အနိုင်ရခဲ့သည်။
မကွေးနှင့် ရတနာပုံအသင်း တစ်မှတ်စီခွဲယူ
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ပထမနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ကျင်းပရာ မကွေးနှင့် ရတနာပုံအသင်း သရေကျပြီး ဧရာဝတီနှင့် ရခိုင်အသင်း နိုင်ပွဲဆက်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ကြည့်ရှုအားပေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီတွင် စစ်တွေမြို့ ဓညဝတီ အားကစားကွင်း၌ ကျင်းပသည့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီးတံခွန်စိုက်ဆုကို ချီးမြှင့်သည်။
(၅၃)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲအတွက် လက်ရွေးစင်လူရွေးပွဲ ကျင်းပမည်

ရန်ကုန် ၁၁ ဇူလိုင်

မြန်မာ ယူ-၂၂ အသင်း အရန်အင်အားတောင့်တင်းလာစေရန် ကစားသမားသစ်များ စမ်းသပ်လေ့ကျင့်
အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၂၂ အသင်းသည် အရန်အင်အားတောင့်တင်းလာစေရန် ကစားသမားသစ်များ စမ်းသပ်လေ့ကျင့်ပေးလျက်ရှိသည်။
MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ဆက်လက်ကျင်းပမည်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ကို ဇူလိုင် ၁၃၊ ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၁၀ ရက်က  မြို့မအားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။