ဇူလိုင်လအတွက် တစ်လတာ အကောင်းဆုံးဆု ရန်ကုန်အသင်း ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်းနှင့် မကွေးအသင်းတိုက်စစ်မှူး ဇင်မင်းထွန်းတို့ ရရှိ

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ချီးမြှင့်သည့် ၂၀၁၉ MNL အမှတ်ပေးပြိုင်ပွဲ၏ ဇူလိုင်လအတွက် တစ်လတာ အကောင်းဆုံးဆုများ ရွေးချယ်ခဲ့ရာ ရန်ကုန်အသင်း ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်းနှင့် မကွေးအသင်းတိုက်စစ်မှူး ဇင်မင်းထွန်းတို့ ရရှိခဲ့သည်။ 
ကလောမြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် (၂၇) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။
တရုတ်-အာဆီယံ ယူ-၁၂ ပြိုင်ပွဲတွင် မြန်မာအသင်း တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထား
တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် တရုတ်-အာဆီယံ ယူ-၁၂ ဖိတ်ခေါ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက တရုတ်နိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းသည် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။
SMM 3rd U-23 Asian Men's Club ''Asia World Foundation'' Volleyball Championship ပြိုင်ပွဲကျင်းပ 
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် SMM 3rd U-23 Asian Men's Club ''Asia World Foundation'' Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက် (၁၀) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
မန်ယူသို့ ပြောင်းရွှေ့ရန် ဒိုင်ဘာလာ ငြင်းဆိုပါက လူကာကူအနေဖြင့် မန်ယူတွင်သာ ဆက်ရှိနေဖွယ်ရှိ

ရော်နယ်ဒို ပါဝင်ခြင်းမရှိသည့်အတွက် တောင်ကိုရီးယား ပရိသတ်များ တရားစွဲရန် စီစဉ်နေ

ဝင်ဘလေမှာ ကွန်မြူနတီဒိုင်းကို အရယမယ့် ပရီမီယာလိဂ်ချန်ပီယံ