၂၀၁၉ MNL အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဆွတ်ခူး
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို ယနေ့ညနေ ၃ နာရီခွဲက တစ်ချိန်တည်းကျင်းပရာ ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲရယူပြီး ချန်ပီယံဆုဆွတ်ခူးရရှိခဲ့သည်။





