စက်တင်ဘာအတွက် MNL လအလိုက် အကောင်းဆုံးဆုကို ဦးအောင်နိုင်(ရှမ်း)နှင့် ဟိန်းထက်အောင် (ဟံသာဝတီ)တို့ ရရှိ
မြန်မာနေရှင်နယ်လိဂ်က ရွေးချယ်သည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၏ စက်တင်ဘာအတွက် လအလိုက်အကောင်းဆုံးဆုကို ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်နှင့် ဟံသာဝတီအသင်း တောင်ပံကစားသမား ဟိန်းထက်အောင်တို့ ရရှိခဲ့သည်။





