မြန်မာဖူဆယ်အသင်း အာဆီယံ ဖူဆယ် ပြိုင်ပွဲ အုပ်စုပထမပွဲအဖြစ် ဗီယက်နမ်နှင့် ကစားရမည်

ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဧပြီ ၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ၂၀၂၂ အာဆီယံ ဖူဆယ်ပြိုင်ပွဲအတွက် အပြီးသတ်လူရွေးချယ်
၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း အပြီးသတ်ကစားသမား ၁၄ ဦးကို ဧပြီ ၃ ရက်က ရွေးချယ်လိုက်ပြီ ဖြစ်သည်။
အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)တွင် တက်ရောက်ရန် သင်တန်းသားများ ခေါ်ယူ

နိုင်ဂျီးရီးယားအသင်းနည်းပြ အီဂွါဗိုအန် အသင်းနည်းပြအဖြစ်မှ နုတ်ထွက်
နိုင်ဂျီးရီးယားအသင်းနည်းပြ အီဂွါဗိုအန်ဟာ နိုင်ဂျီးရီးယားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် နည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။
ကမ္ဘာ့နံပါတ်(၁)တင်းနစ်မယ်ဟောင်း အိုဆာကာ မိုင်ယာမီအိုးပင်းဆီမီးဖိုင်နယ်အဆင့် တက်လှမ်း
ကမ္ဘာ့နံပါတ်(၁) တင်းနစ်မယ်ဟောင်း နာအိုမီအိုဆာကာနဲ့ အမေရိကန်တင်းနစ်မယ် ဒန်နီယယ်လီ ကိုလ်လင်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မိုင်ယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ကွာတား ဖိုင်နယ်အဆင့်မှာ အိုဆာကာက ဒန်နီယယ်လီကိုလ်လင်ကို အနိုင်ရရှိခဲ့တာကြောင့် မိုင်ယာမီအိုးပင်းဆီမီး ဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အိုလက်ဆန်းဒါးယူဆစ်နဲ့ ဂျိုရှူယာတို့ရဲ့ ဟဲဗီးဝိတ်မကျေပွဲ ဇွန်လအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်မည်
ယူကရိန်း လက်ဝှေ့ကျော် အိုလက်ဆန်းဒါးယူဆစ်နဲ့ ဗြိတိန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ဂျိုရှူယာတို့ ဇွန်လနောက်ပိုင်းမှာ ယှဉ်ပြိုင်ထိုးသတ်မယ့် ဟဲဗီးဝိတ်မကျေပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပသွားမှာဖြစ်တယ်လို့ ယူကရိန်းနိုင်ငံရဲ့ ပြိုင်ပွဲစီစဉ်သူ အလက်ဇန်းဒါးကရက်ယွတ်ခ်က ပြောကြား ခဲ့ပါတယ်။
ပီအက်စ်ဂျီအမျိုးသမီးအသင်း အမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်လှမ်း
ပီအက်စ်ဂျီအမျိုးသမီးအသင်းနဲ့ ဘိုင်ယန်မြူးနစ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။