ဂျူဗင်တပ် နောက်တန်းကစားသမား ဒီလစ်ကို ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၆၅ ဒသမ ၆ သန်းဖြင့် ခေါ်ယူ
ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှ နယ်သာလန်နောက်တန်းကစားသမား ဒီလစ်ကို ပြောင်းရွှေ့ကြေးပေါင် ၆၅ ဒသမ ၆ သန်းနဲ့ ခေါ်ယူ လိုက်ပြီး ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။




